ကသာခရိုင်ထီးချိုင့်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှစတုတ္ထအကြိမ်ထောက်ပံ့ကြေးငွေ(၂၀၀၀၀)ကျပ်အား ပေးအပ်ပွဲအခမ်းအနားကျင်းပ

ထီးချိုင့် နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ယ်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေး သော ပုံမှန်ဝင်ငွေနည်းပါးသော  အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ ငွေများ ပေးအပ်နိုင်ရေးအတွက်  ရပ်ကွက်/ကျေးရွာအုပ်စု   ထောက်ပံ့ငွေများပေးအပ်ရေး အဖွဲ့ထံသို့ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည် (၁၂ )နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ရှေးဦးစွာ  ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်၊   တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်ဦးသိန်းဟန်တို့မှ အသီးသီးအမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးလွင်မှ နိုင်ငံတော်အစိုးရမှထောက်ပံ့ငွေများပေးအပ်ရာတွင် တိကျမှန်ကန်မှု ရှိစေရေး နှင့် အလွဲသုံးစား မှုများမဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး သက်ဆိုင်ရာ ထောက်ပံ့ရေး အဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလအတွင်း  အခြေခံလူတန်းစားများအား ၂၀၂၀ခုနှစ်၊   ဧပြီလတွင်  အခြေခံ စားသောက်ကုန် ( ၅ ) မျိုးအား နိုင်ငံတော်မှထောက်ပံ့ပေးခဲ့ပြီး   အကြောင်းအမျိုးမျိုး ကြောင့်  ကျန်ရှိသည့်အိမ်ထောင်စုများအတွက်  တစ်အိမ်ထောင်လျှင် ငွေကျပ် ( ၁၅၀၀၀ ) နှုန်းဖြင့်ထောက်ပံ့ပေးအပ်ခဲ့ပြီး ပုံမှန်ဝင်ငွေနည်းပါးသော  အခြေခံလူတန်းစား အိမ်ထောင်စု များအား ငွေကျပ် (၂၀၀၀၀ )ကို စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပါသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဦးသိန်းဟန်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးစိုးလွင်၊ မြို့နယ်ဌာန ဆိုင်ရာများမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ထီးချိုင့်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေ မရှိသောအိမ်ထောင်စု (၁၄၃၄၇)စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂)သောင်းနှုန်း ဖြင့် စုစုပေါင်းငွေကျပ်သိန်း( ၂၈၆၉၄၀၀၀၀) ကို စတုတ္ထအကြိမ်ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရပါသည်။

ရဲလင်းထွန်း ( ထီးချိုင့် )