ပေါင်းတည် နို၀င်ဘာ ၁၂
ပေါင်းတည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ လူနာများဖြစ်ကြသော ဦးသော့ ကျောင်းလမ်းမှ အမျိုးသမီး(၁)ဦးနှင့် ကိုးနှစ်အရွယ်မိန်းကလေး(၁)ဦး၊ ရွှေတောင်လမ်းနေ အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၁)ဦး စပါးကြွယ်ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး ပေါက်တောကျေးရွာမှ လူနာ အမျိုးသား(၁)ဦးနှင့် သာလှပင်စည်ကျေးရွာလူနာအမျိုးသမီး (၁)ဦး စုစုပေါင်း ၉ ဦးတို့သည် သတ်မှတ်ထားသော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန် သဖြင့် ယနေ့ နံနက် ၁၂ နာရီ အချိန်ခန့် က ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်သည်။
လူနာများအား အိမ်တွင်လိုက်နာရမည့်စည်းကမ်းများကို အသေးစိတ်ရှင်း ပြပေးခဲ့ပြီး လိုက်နာ ရမည့် စည်းကမ်းချက်များကိုလည်း ဖတ်ကြားပြသ၍ ဆေးရုံဆင်း လက်မှတ်နှင့် စည်းကမ်းချက် စာရွက်အား မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးမင်းက ပေးအပ်ခဲ့သည်။
ဆေးရုံဆင်းခွင့်ရသူ လူနာများကလည်း ဆေးရုံအတွက်စုပေါင်း အလှူငွေများလှူဒါန်းခဲ့ကြပြီး ၎င်း ဆေးရုံမှဆင်းခွင့်ရရှိသူ ၉ဦးသည် မိမိတို့ နေအိမ်များတွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်းသိရှိရပြီး ဆေးရုံတွင်ကျန်ရှိသော အတည်ပြုလူနာ(၂)ဦး၏ ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြောကြားချက် အရ သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)