ကျောက်ထု နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ပွင့်ဖြူမျိုး သန့်မျိုးပွားခြံမှ (RS)အဆင့် မှ ရယူ၍ စိုက်ပျိုးသည့် (cs)အဆင့် ဆင်းသုခမျိုးသန့်မျိုးပွား စပါးစိုက်ခင်းများ ရင့်မှည့် နေပြီဖြစ်သဖြင့် ရိတ်သိမ်းနေ ပြီဖြစ်ကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ထုမြို့ဒေသတွင် (cs)အဆင့် ဆင်းသုခမျိုးသန့်မျိုးပွားစပါးများ အား တောခလွန် ကျေးရွာ တွင် (၁၈)ဧက၊ နွားသိုးကျေးရွာတွင် (၁၃ ဒသမ ၅ ) )ဧက၊ လယ်ဆောကျေးရွာတွင် (၃၉) ဧက၊ တေးကျေးရွာ တွင်(၁၇)ဧက၊ စံကျေးရွာတွင် (၂၈) ဧကနှင့် မင်းကြည့်ကျေးရွာတွင် (၁၄ ဒသမ ၅ ) ဧက စုစုပေါင်း ဧက (၁၃၀) စိုက်ပျိုးထားကြောင်း သိရသည်။
ယခုအခါ တောခလွန်ကျေးရွာနှင့် နွားသိုးကျေးရွာရှိ စံကွက်များအားရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက လျှင် တင်း (၁၁၀) နှင့် အထက်ထွက်ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့် က ပြောသည်။
အဆိုပါမျိုးစပါးများအား ကျောက်ထုဒေသရှိ စပါးစိုက်ပျိုးတောင်သူများထံ ဈေးနှုန်းချိုသာ စွာဖြင့့်် ရောင်းချဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်အဆင့်မီမျိုးစပါးများဖြစ်သည်အထိ စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုများဖြင့် စနစ်တကျထုတ်လုပ်ထားခြင်းဖြစ်ကြောင်း တောခလွန် ကျေးရွာမှ မျိုးစပါး စိုက်ပျိုးတောင်သူ ဦးထွန်းအေး ၏ ပြောပြချက်အရ သိရှိရသည်။
မောဟေမာန် (ပြန်/ဆက်)