ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ဆီဆိုင်    နိုဝင်ဘာ     ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် နာရီက တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့မဈေးရှေ့ တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေရာတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြည်သူများအကြား နှာခေါင်းစည်းတပ်ဆင် သွားလာသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့၊ မြို့မဈေးရှေ့တွင် ဖြန်သန်းသွားလာသော ပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာပြည်သူများတို့အား နှာခေါင်းစည်း(၄၅၀)ခုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။     

ခွန်ရဲထွေး(ဆီဆိုင်)