ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

ကဝ မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လမ်းဘေးဝဲယာမှ အန္တရာယ်ရှိသော သစ်ပင်များအား ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရှိရန်၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရန်၊ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်အတွက် မှာကြားပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကဝမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၂၀)ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ရုံးဖုန်း 052-80191 သို့ အချိန်နှင့်တပြေးညီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)