သဲကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

သဲကုန်း မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယမန်နေ့ကစ၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေး၏ လမ်းညွှန်မှုဖြင့် ​ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်၊ ခြင်များမပေါက်ပွားစေရန်၊ နေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားစေနိုင်သော ရေစည်ရေအိုးများ၊ ရေလှောင်ကန်များ၊ ဘုရားညောင်ရေအိုး၊ တာယာအဟောင်း စသည့်နေရာများတွင် သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် သောက်ရေ/ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)