တနင်္သာရီ မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမအတွင်း အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ကျောင်းသူ/သားများအား လတ်တလော အပူချိန်မြင့်တက်နေမှုကြောင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အပူဒဏ်အန္တရာယ် နှိုးဆော်ချက်များ၊ သတိပြုရမည့် အပူဒဏ် အန္တရာယ်များ၊ ၎င်းအပူဒဏ်များအကြား ကျန်းမာစွာနေထိုင်နည်းများကို လိုက်နာရန်နှင့် ဆင်ခြင်ရန်အချက်များ၊ အပူဒဏ် ခံစားရပါက အရေးပေါ် ရှေးဦးပြုစုနည်းများကို ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)