မိုးနဲ မေ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပညာရေးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းရှေ့နေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ရဲမှူးသန်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးလင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေနှင့် မြို့မိမြို့ဖ ဦးငိုဘွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီ အခမ်းအနားကို ပုလဲဆောင်ခန်းမနေရာ၌ ဆက်လက်ကျင်းပရာ ကျောင်းသား/သူလေးများက “ပညာရေးတေးသီ”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက တာဝန်ရှိသူ ကျောင်းအုပ် ဆရာ/ဆရာမကြီးများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အ.ထ.က မိုးနဲ ကျောင်းသား/သူလေးများက “ယနေ့တို့ဆရာများသို့” တေးသီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)