ရေတာရှည်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ရေတာရှည် မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာမြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို အ.ထ.ကရေတာရှည် အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ရေတာရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ပညာရေးဝန်ကြီးဌာနမှအခမဲ့ဖြန့်ဝေသည့် ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများအား မြို့နယ်ပညာရေးမှမှူးထံ ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရေတာရှည်မြို့နယ်အတွင်း ကျောင်းအပ်နှံမှုလက်ခံရေးဆောင်ရွက်ကြမည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများတက်ရောက်ကြပြီး ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှနှင့်ရေနီမြို့တို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ​မှုများကိုမေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်