ပျော်ဘွယ် မတ် ၁၆
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ သမိုင်းနှင့်ရူပဗေဒဘာသာရပ် ဖြေဆိုခြင်းကို မတ်လ(၁၅)ရက်၊ နံနက်(၉)နာရီကစတင်ကာ သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၁၁)ဦးနှင့် ကျောင်းသူ(၁၇)ဦး၊ စုစုပေါင်း(၂၈)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား(၉)ဦးနှင့် ကျောင်းသူ(၁၇)ဦး၊ စုစုပေါင်း(၂၆)ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား (၂)ဦးရှိကြောင်း၊ ရူပဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၅၀၆)ဦး၊ ကျောင်းသူ(၈၁၃)၊ စုစုပေါင်း(၁၃၁၉)ဦး၊ ဖြေဆိုသူ ကျောင်းသား(၄၉၀)၊ ကျောင်းသူ (၇၉၃)ဦး၊ စုစုပေါင်း(၁၂၈၃)ဦး ဖြေဆိုရန်ပျက်ကွက် ကျောင်းသား(၁၆)ဦး၊ ကျောင်းသူ(၂၀)ဦး၊ စုစုပေါင်း(၃၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရသိရှိရသည်။
မြို့နယ်အတွင်း စာစစ်ဌာန(၇)ခုသတ်မှတ်ထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများက စာစစ်ဌာနများသို့သွားရောက်ကြည့်ရှုကာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)