ကျွန်းစုမြို့တွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့ကို ကျောင်းသား/သူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ

ကျွန်းစု မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့ကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ကျွန်းစု) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ကျွန်းစု) စာစစ်ဌာန၌ အတွင်းဖြေ ကျောင်းသား(၉၈)ဦး၊ ကျောင်းသူ (၁၄၈)ဦးနှင့် ပြင်ပမှဖြေဆိုရန် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း(၂၇၄)ဦးရှိရာ သမိုင်းဘာသာရပ်တွင် ကျောင်းသား(၂၁)ဦး၊ ကျောင်းသူ(၂၈)ဦး၊ စုစုပေါင်း(၄၉)ဦးနှင့် ရူပဗေဒဘာသာရပ်တွင် ကျောင်းသား(၇၁)ဦး၊ ကျောင်းသူ(၁၃၈)ဦး၊ စုစုပေါင်း(၂၀၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဘာသာရပ်များ ဖြေဆိုမှု ရာခိုင်နှုန်း(၉၄.၁၆%)ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၅)ဦး၊ စုစုပေါင်း (၁၆)ဦး၊ ပျက်ကွက်မှု ရာခိုင်နှုန်း (၅.၈၄%)ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)