မိတ္ထီလာ မတ် ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ဘာသာရပ်များကို ကျောင်းသူ/ကျောင်းသားများက ယမန်နေ့နံနက် ၉ နာရီက အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို အ.ထ.က(၁)၊ အ.ထ.က(၂) အ.ထ.က(၃) ၊ အ.ထ.က(၄) ၊ အ.ထ.က(၅) ရှမ်းတဲ၊ အ.ထ.က(ရေဝေ) နှင့် အ.ထ.က(တောမ) စာစစ်ဌာနများတွင် ကျောင်းသူကျောင်းသားများက အေးချမ်းစွာဖြေဆိုကြသည်။ ရူပဗေဒဘာသာရပ်တွင် ဖြေဆိုသူကျောင်းသူကျောင်းသား အပြင်ဖြေ ၄၇ ဦးနှင့် အတွင်းဖြေ ၂၄၇၃ ဦး၊ သမိုင်းဘာသာရပ်တွင် ဖြေဆိုသူ ကျောင်းသူကျောင်းသား အပြင်ဖြေ ၆၅ ဦး နှင့် အတွင်းဖြေ ၂၂ ဦးရှိကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုကြပြီး အပြင်စည်းတာဝန်ရှိသူများ၊ စာစစ်ဌာနကြီးကြပ်များနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
ချမ်းသာ