လှိုင်သာယာ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဦးအောင်ပြည့်ထွန်းနှင့် ဦးအေးချမ်းအောင်တို့သည် အလုပ်ခွင်ပြင်ပတွင် ထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားမှုနှင့် အမြဲမသန်စွမ်းမှုတို့အတွက် ကျန်ရစ်သူမိသားစုဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၌ ယနေ့နံနက်(၁၀)နာရီ၌ အကျိုးခံစားခွင့်များ ထုတ်ပေးလျက်ရှိသည်။
လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော စက်မှုဇုန် ၆ရှိ Eden Group Co.Ltd မှ အာမခံအလုပ်သမား ဦးအောင်ပြည့်ထွန်းသည် (၉-၁၁-၂၀၂၃)ရက်နေ့ တွင် ပုသိမ်-ရန်ကုန်-မြောင်းမြလပ္ပတ္တာလမ်း၊ လပ္ပတ္တာမြို့၀င်အနီး မိုင်တိုင်အမှတ် (၁၀ မိုင် ၂ ဖာလုံ)တွင် ရုတ်တရက်ကရိန်းမိန်းကတ်တောက် ဝါယာလျော့ဖြစ်ပြီး မီးလောင်သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူမိခင်အား အကျိုးခံစားခွင့်ပြုငွေကျပ် ၄၆၁၂၅၀၀/ (လေးဆယ့်ခြောက်သိန်း တစ်သောင်းနှစ်ထောင်ငါးရာတိတိ) လည်းကောင်း ထုတ်ပေးလျက်ရှိသည်။
ဆက်လက်၍ Bondsin Metal စက်ရုံမှ အာမခံအလုပ်သမား ဦးအေးချမ်းမောင်သည် (၂၉-၈-၂၀၂၂)ရက်နေ့တွင် စက်ရုံနံရံသန့်ရှင်းရေးပြုလုပ်နေစဉ် အမြင့် (၁၅)ပေခန့်မှ ပြုတ်ကျ၍ ခါးအောက်ပိုင်း ခါးဆစ်ကျိုးဒဏ်ရာရရှိသည့်အတွက် အမြဲတမ်းမသန်စွမ်းအကျိုးခံစားခွင့်ပြု ငွေကျပ် ၃၈၁၀၂၄၀/ (သုံးဆယ့်ရှစ်သိန်းတစ်သောင်းနှစ်ရာ့လေးဆယ့်တိတိ) တို့ကို ကာယကံရှင်ထံသို့လည်းကောင်းတို့၏ ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ထောက်ပံ့ကြေးစုစုပေါင်း ငွေကျပ် ၈၄၂၂၇၄၀/- ကျပ်ရှစ်ဆယ့်လေးသိန်း နှစ်သောင်းနှစ်ထောင့် ခုနှစ်ရာလေးဆယ်တိတိ)ကို အလုပ်ဌာနမှ တာ၀န်ရှိသူများ၊ ရုံးခွဲတာဝန်ခံများ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၊ မိသားစု၀င်များနှင့် စက်ရုံတာဝန်ရှိသူများ ရှေ့မှောက်တို့တွင် ရန်ကုန်တိုင်းဒေသကြီ လူမှုဖူလုံရေးရုံးမှ တာ၀န်ခံအရာရှိ ဦးသိန်းနွဲ့ဦးက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)