လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ အမှတ်(၂)မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်မြောက်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်မာဝင်းကအမှာစကားပြောကြားပြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်လွင်က ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများပေါ်ထွန်းလာစေရန်၊ ကလေးငယ်များစွမ်းဆောင်ရည်မြင့်မားစေရန်၊ ကောင်းသောယှဥ်ပြိုင်မှုမှတစ်ဆင့် စွမ်းရည်ထက်မြက်သောကလေးငယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲကျင်းပပေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရန်အတွက် အမှတ်(၂)မူလတန်းကြိုကျောင်းမှ ကျောင်းသားကျောင်းသူကလေးများက အငယ်တန်း၊ အကြီးတန်းအပြေးပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ အရုပ်ထောင်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲနှင့် ရေဖြည့်ပြိုင်ပွဲတို့ကိုပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အမှတ်(၂)မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀) ဦးတက်ရောက်လျက်ရှိသည်။
မြင့်ဇော်