သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

သံတောင်ကြီး စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  နံရံကပ်စာစောင်ကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင်လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူက ဘာလုပ်သလဲ၊ လူကုန်ကူးသူက ဘယ်လိုလုပ်ဆောင်လဲ၊ လူကုန်ကူးခြင်း အမျိုးအစားလူတွေဟာ ဘာကြောင့်လူကုန်ကူးခံရသလဲ၊ လူကုန်ကူးသူတွေရဲ့နည်းလမ်း၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ စသည့် အကြောင်းအရာများအား ပြသပေးခဲ့ကြောင်း သိရသည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်နှင့် အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ