ဗန်းမောက်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဌာနတွင်း ဝန်ထမ်းများ စာဖတ်ဝိုင်း ကျင်းပ

ဗန်းမောက် သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာရေးဆရာ အောင်သင်း၊ ဖေမြင့်၊ မောင်ညိုပြာနှင့် ဖေမြိုင်တို့ ရေးသားထားသည့်" ကြယ်များလွန်လျှင်နှင့် နှလုံးသားအတွေးရသစာစုများ" စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများ ရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာအုပ်ပါ အကြောင် းအရာများအား တွေးခေါ်ကြံဆ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ရုံးတွင်းဝန်ထမ်းများ စာဖတ်ဝိုင်းများကို အပတ်စဉ် ကျင်းပဆောင်ရွက်ပေးနေတာဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က ပြောကြားပြီး စာရေးဆရာ စာအုပ်ပါအကြောင်းအရာများဖြစ်သည့်  သူ့နေရာအားကိုယ်နေရာမှ ခံစားကြည့်ပြီး လုပ်ကိုင်တတ်စေရန်၊ ကိုယ်ကိုယ်တိုင်ခွန်အားစိုက် ထုတ်မှုမရှိဘဲ အများ၏ အခွင့်အရေအား မယူမိစေရန်၊ လက်ဦးဆရာများဖြစ်သည့် မိဘဆရာတို့၏ ကျေးဇူကြီးမားပုံနှင့် ကျေးဇူပြစ်မှားသူများ မဖြစ်စေရန်၊ လူတိုင်၌ အလှကိုယ်စီ၊ စွမ်းဆောင်ရည်ကိုယ့်စီ ရှိကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံကြရာ၌ တစ်ဖက်သား၏ လိုအပ်ချက်ကို ဖေးမကူညီပြီး ပေါင်းသင်းဆက်ဆံရန် စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားသွားပါသည်။

ထို့နောက် ဒုတိယဦးစီးမှူး၊ ဒေါ်လှလှရီက" ကံကြမ္မာဆိုသည်က " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃၊ ဦးရဲအောင်က " ကံ့ကူလက်လှည့်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရုံးအကူ၊ ဒေါ်ချစ်စုငယ်က" ထာဝရအကောင်းမြင်သမား " ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မေသူ (ပြန်/ဆက်)