ကျောက်တလုံးကြီး ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီမှ စတင်၍ အ.ထ.က ကျောက်တလုံးကြီးကျောင်း ဗန္ဓုလအဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲများကို ခေါင်းစဥ်အလိုက် ကျင်းပခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင်(၈)ဦး၊ ကဗျာပြိုင်ပွဲတွင် (၄)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “တို့များမမေ့နိုင်(၁၉)ဇူလိုင်” ခေါင်းစဥ်ဖြင့်(၆)ဦး၊ အထက်တန်းအဆင့် စာစီစာကုံးတွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဥ်ဖြင့်(၂)ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ် မမေ့အပ်” ခေါင်းစဥ်ဖြင့်(၂)ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည်ကို အာဇာနည်” ခေါင်းစဉ်ဖြင့် (၃)ဦးပါဝင် ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကေသီ(ပြန်/ဆက်)