တိုက်ကြီးမြို့နယ်တွင် ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်း(၂)စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာနေ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မင်းထွေး ဉီးဆောင်သော ဝန်ထမ်းများက တိုက်ကြီးမြို့နယ်အတွင်းရှိ ရေစက်တောင်၊ ကျောက်တောင်၊ မလေးရှားဝိုင်၊ မေတ္တာအေး၊ အုန္နဲပင်နှင့် လိပ်ကြည် ကျေးရွာများရှိ အသက်(၁၀)နှစ်နှင့်အထက် ပြည်သူ ၁၁၈ ဉီး၊ အသက် (၁၈)နှစ်အထက် ပြည်သူ ၆၀ ဉီး စုစုပေါင်း ပြည်သူ ၁၇၈ ဉီးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ် ဉီးစီးမှူးရုံးမှပန်းခင်းစီမံချက်()ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများကလည်း ပူးပေါင်းဆောင်ရွက် ပေးကြောင်း သိရသည်။

စန်းကလျာခိုင်