သုံးခွ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာ အချက် အလက်(Biometric)ကောက်ယူခြင်း လုပ်ငန်းများကို ဇွန် ၂၇ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉နာရီ ခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်(လဝက) ဦးစီးမှူး ဦးမင်းသူနှင့် ဝန်ထမ်းများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ နိုင်ငံ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစု၀င်များ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းကို (ရုံးပိတ်ရက်မှအပ) (၃၂)ရက်ကြာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇီဝဆိုင်ရာအချက်အလက် (Biometric) စာရင်းများ ကောက်ယူရန် လာရောက် ဆောင်ရွက်ကြသည့်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်ပြီး ဇီဝဆိုင်အချက်အလက် (Biometric) ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင်သိမ်းဆည်းကာ ဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ၀န်ထမ်းနှင့်၀န်ထမ်းမိသားစု၀င်များ ကောက်ယူဆောင်ရွက်ပြီးပါက မြို့နယ်အတွင်းရှိ ပြည်သူများကိုပါဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်(လ၀က)ဦးစီးမှူး ဦးမင်းသူထံမှ သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း