မော်လိုက် ဇူလှိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ စားရင်းအင်းများနှင့် ဌာနဆိုင်ရာငွေစာရင်းများ ရေးဆွဲပြုစုခြင်း ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဌာနဆိုင်ရာများမှာ လိုအပ်တဲ့စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များ ပိုမိုတက်ကျွမ်းနားလည် စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်သင်တန်းသား/ သင်တန်းသူ များကတစ်ဦးခြင်း ပြန်လည်မိတ်ဆက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းကို ဇူလိုင် (၁၀)ရက်နေ့မှ (၁၄) ရက်နေ့အထိပို့ချသွားမည်ဖြစ်ပြီး ခရိုင်/မြို့နယ်ဌာနပေါင်း(၂၁)ဌာနမှ သင်တန်းသား /သင်တန်းသူ (၃၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)