ပင်လောင်းမြို့တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်လောင်း ဇူလိုင် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှိမ်နင်း​ရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော် ဝင်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ လျှပ်စစ်ရုံး၊ စိုက်ပျိုး​ရေးဦးစီးဌာန၊ အထက(၁)၊ အထက(၂)၊ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်း၊  ဘော်ဒါဆောင်နှင့်မြို့မစျေးအတွင်းသို့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လမ်းများ မ​ပေါက်ပွားနိုင်အောင် အဘိတ်ဆေးများ ထည့်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှိမ်နင်း​ရေးလုပ်ငန်းများကို သာသာရေးဆိုင်ရာအဆောက်အဦးများ၊ စာသင် ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများအတွင်း နေအိမ်ပတ်ဝန်းကျင်၊ လမ်းပတ်ဝန်းကျင်နေရာ များတွင်လည်း အပတ်စဉ်တနင်္လာနေ့တွင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်ပြန်/ဆက်