လက်ပံတန်း ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ အမှတ်(၉)မြန်မာ့မီးရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လူကုန်ကူးမှု တာဆီးကာကွယ်ရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့မီးရထား လက်ပံတန်းဘူတာ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမှတ်(၄၁/၂၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မြန်မာ့မီးရထား တပ်ဖွဲ့ဝင်များက အမှတ်(၆၃) အဆန်စာပို့ရထားဖြင့် ရန်ကုန်မှပြည်သို့ ခရီးသွားမည့် လုပ်သားပြည်သူ ၁၅၀ ဦးအား လူကုန်ကူးမှု တာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)