ပေါင်းတည် ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းက ကြက်ခြေနီတပ်ဖွဲ့ဝင်များကို သင်တန်းဆင်းအမှာစကားပြောကြားသည်။ ယင်းနောက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဆင်းအောင်လက်မှတ်များကို မြို့နယ်ပညာရေးမှူးဒေါ်နော်ဆဲပွယ်ဖောကလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းကလည်းကောင်း အသီးသီးပေးအပ်ကြရာ အောင်မြင်သူသင်တန်းသားများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းကိုဇူလိုင်လ ၈ ရက်မှ ဇူလိုင်လ ၉ ရက်အထိ စာတွေ့လက်တွေ့ဆင့်ပွားသင်ကြားပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)