ကျောက်တန်း ဇူလိုင် ၁၀
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် “(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသန့်ဇင်ထွန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အိသန္တာချို ဆွေးနွေးခဲ့ကြရာတွင် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်အတွက်ကြိုးပမ်း ဆောင်ရွက်ချက်များအကြောင်းကို ပြည်သူများ အားကျအတုယူပြီး နိုင်ငံတော်အကျိုး သယ်ပိုးထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ပြောကြားခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တန်း(ပြန်/ဆက်)