ခရမ်း ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန် တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ ခရမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ လူနေအိမ်များးတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ ပိုးလောက်လန်း နှိမ်နင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်၌ ခရမ်းမြို့ ပေါ်ရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက် ၊(၃)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၂)ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ခင်မောင်ရင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )