အိမ်မဲ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရှိပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပူးပေါင်း၍ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။
ထိုကဲ့သို့ရောင်းချပေးရာ၌ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနနှင့် တာဝန်ရှိသူများမှပူးပေါင်း၍ အခွန်လွတ်စျေးတွင် မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေချောမွေ့စေရေးအတွက်ဆန် (၁၅)အိတ် ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်၊ အမဲသား (၅)ပိဿာ တစ်ပိဿာ လျှင် (၁၃၀၀၀)ကျပ်၊ ငါးမြစ်ချင်း (၅)ပိဿာ (၁)ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် ဟင်းသီးဟင်းရွက်များကို စျေးလျော့၍ရောင်းချပေးခဲ့ရာ ပြည်သူများ က ပျော်ရွှင်စွာ ဝယ်ယူခဲ့ကြ ကြောင်းသိရသည်။
“ကျွန်တော်တို့စည်ပင်သာယာရေးအဖွဲ့အနေနဲ့ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး မြို့နယ်အတွင်းမှာရှိတဲ့ပြည်သူတွေ စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ အခုလိုရောင်းချ ခြင်းများကို မြို့ပေါ် (၅) ရပ်ကွက်မှာ တနင်္လာနေ့နဲ့သောကြာနေ့တိုင်း တစ်ပါတ်လျှင်နှစ်ကြိမ်လှည့်လည် ရောင်းချသွားမှာဖြစ်ကြောင်း” မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)