ရွှေတောင် ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် ပလပ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအတွက် (Campaign) လှုံ့ဆော်မှုများကို ရက်သတ္တတစ်ပတ်လျှင် (သောကြာ၊ စနေ၊ တနင်္ဂနွေ)နေ့တို့တွင် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက စည်ပင်သာယာရေးအဖွဲ့ ပိုင်စျေးများတွင် ကြွပ်ကြွပ်အိတ် သုံးစွဲမှာလျော့ချရေး(Campaign) လှုံ့ဆော်မှု ပြုလုပ်သည့်စျေးဖွင့်ရက်များတွင် စျေးရောင်းချသူစျေးသည်များနှင့် ဝယ်ယူသူပြည်သူများအနေဖြင့် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်းကို လုံးဝမပြုလုပ်ရန်၊ ကြွပ်ကြွပ်အိတ်အစား စက္ကူအိတ်၊ ငှက်ပျောရွက်၊ အင်ဖက် အစရှိသော အစားထိုးပစ္စည်းများကို အသုံးပြုရန်နှင့် ရက်သတ္တတစ်ပတ် သက်မှတ်ရက်များတွင်း ရောင်းချသူစျေးသည်များနှင့် ဝယ်ယူသူပြည်သူများအား ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချရေး(Campaign) လှုံ့ဆော်မှုကို အသံချဲ့စက်များဖြင့် အသိပညာပေး လှည့်လည် ကြေညာပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)