ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

ရွှေပြည်သာ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းနိုင်ငံသားစိစစ်ရေးကတ်ပြားမပြုရသေးသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၇)ရပ်ကွက်ရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရွှေပြည်သာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးတွင်လည်း‌ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်စို့ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ၊ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)