ရွှေတောင် ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းကျေးရွာအုပ်စု၊သဲခုံကျေးရွာ ရွာဦးဓမ္မာရုံတွင် ယနေ့နံနက်(၁၀)နာရီအချိန်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ရဲထိုက်တို့က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူက သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန ယက္ကန်းနှင့်အသက်မွေးဝမ်းကျောင်း သင်တန်းဆရာမက သင်တန်းပို့ချမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၂၅)ဦး တက်ရောက်၍ သင်တန်းကာလ(၅) ရက်တာ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)