မုဒုံမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်လှစ်

မုဒုံ ဇူလိုင် ၁၀

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နဝမအကြိမ်မြောက် သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့မ() ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ဆရာတော်ကြီးများက နမောတဿသုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ဗဟိုမှ ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ၊ ပြည်နယ်သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများက ဝိနည်းဓမ္မကောက်နုတ်ချက်များ၊ ညွှန်ကြားလွှာများ၊ ဝိနည်းဓမ္မကံကာကွယ်စောင့်ရှောက်ရေး

ဥပဒေနှင့်သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအကြောင်းအရာများကို သင်ကြားပို့ချပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ဇူလိုင် ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်/ကျေးသံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များစာရင်းရှိ ဆရာတော်ကြီး ၁၅၀ ပါးရှိရာ သင်တန်းပထမနေ့တွင် တက်ရောက် ၁၂၄ ပါးရှိကြောင်း၊ သင်တန်းကာလအတွင်း ဆရာတော်/သံဃာတော်ကြီးများအား ဆွမ်းဆက်ကပ်ရေးကိစ္စများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်၍  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)