သီပေါ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက်၈နာရီကစတင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် သီပေါမြို့ခန္တီရာမကျောင်းတိုက်မှ ဆရာတော်ဦးသောပါကနှင့် ရေတံခွန်တောင်ဆရာတော်တို့က သင်ကြားပြသပေးကာ ကျောင်းသား၊ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရား တော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကိုနားလည်သိရှိ သဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန်ရည်ရွယ်၍အပတ်စဉ် တနင်္ဂနွေနေ့တိုင်းသင်ကြားပြသ ဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်လျက် ရှိကြောင်းနှင့် အလှူရှင်များမှ ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့် မုန်များ လာရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့လယ်မဟာသာသနာ့ဗိမာန်တော် ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)