ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသ

ပိုင်ကျုံ ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့က ပိုင်ကျုံမြို့လုထုအခြေပြုဗဟိုဌာနတွင် ပြသခဲ့သည်။

အဆိုပါနံရံကပ်စာစောင်တွင် သိမှတ်ဖွယ်ရာကလေးတို့၏ အခွင့်အရေးအကြောင်း၊ ကလေးအလုပ် သမားပပျောက်ရေး၏ရည်မှန်းချက်(၃)ချက်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ် သမားများ၏အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကာတွန်းနှင့်ဆောင်ပုဒ်ပျားစသည့် ကလေးအလုပ်သမားနှင့် ပတ်သက်သောအသိပညာပေး အကြောင်းအရာများ ပါဝင်ပြသခဲ့သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟဟိုဌာနတွင် အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ကျောင်းသားလူငယ်များနှင့်ဒေသနေပြည်သူများ ပိုမိုသိရှိစေရန် အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အသိပညာပေးလုပ်ငန်းအဖြစ် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်

နော်ခူး (ပြန်/ဆက်)