ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Cetre ခန်းမ၌ ပုံ​ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကျောက်တန်း ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျောင်းသား/သူ ကလေးများအား ပုံပြောပြိုင်ပွဲများနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန် အသိပညာ ဗဟုသုတများ တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ကျောက်တန်းမြို့ ကျောင်းသူ/ကျောင်းသား(၁၄) ဦးအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)