ကလေးအလုပ်သမားများနှင့် ဥပဒေများအကြောင်း အသိပညာပေး Talk Show နှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

စုကလိ ဇူလိုင် ၆

ကလေးအလုပ်သမားများ၏ အခွင့်အရေးများ ရပိုင်ခွင့်နှင့် ဥပဒေများအကြောင်းတို့ကို မြို့နေပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show နှင့်နံရံကပ်စာစောင်ပြသခြင်းအား ယမန်နေ့ညနေပိုင်း အချိန်ကစုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community centre တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက် - ၃ဒေါ်ပိုပိုအောင်က ကလေးအလုပ်သမား အသက်အရွယ် သတ်မှတ်ချက်၊ လုပ်ငန်းခွင်မှ ကလေးသူငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ လူမှုရေးနယ်ပယ်မှ ကလေးအလုပ်သမားများအား တတ်နိုင်သ၍ ကူညီစောင့်ရှောက်ပေးနိုင်ရန် နှင့်  အငယ်တန်းစာရေးအင်အားပြ ဒေါ်စိုးမို့မို့ဌေးက ကလေးအလုပ်သမားများအား အသက်အရွယ်နှင့် အလုပ်အချိန်ပိုင်းအကြောင်း၊ လုပ်ခလစာမရရှိသည့်အခါ အလုပ်ရှင်နှင့်ကလေးအလုပ်သမား ဥပဒေများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကလေးအလုပ်သမားများအတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ချက်များအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးပေးခဲ့သည်။

ထို့နောက် စုကလိမြို့ ပြည်သူ့စာကြည့်တိုက် နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားများအတွက် ဥပဒေများ၊ ကိုဗစ်ကာလ အတွင်းကလေးအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ရန်မဟုတ်သည့်အချက်များ၊ ကလေးအလုပ်သမားများပပျောက်ရေး ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးအချက်များကို ပြသထားရာ မြို့နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများက. စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည် ။

ပိုပိုအောင် (ပြန်/ ဆက်)