ကြံခင်းမြို့တွင် ကုန်အညွှန်း အမှတ်အသားများ စစ်ဆေးခြင်း ဆောင်ရွက်

ကြံခင်း ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ပြည်သူများ ကုန်ပစ္စည်းများ သုံးစွဲရာတွင် ဘေးအန္တရာယ် မရှိစေရန် ရည်ရွယ်ပြီး  ကုန်အညွှန်း အမှတ်အသား စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးတွင် စစ်ဆေးဆောင်ရွက်ကြကြောင်း  သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မဈေးတွင် ဈေးရောင်းချနေသော ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိခြင်း ရှိ/မရှိနှင့် တားမြစ်ထားသောကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိအား စစ်ဆေးဆောင်ရွက်ကြကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များကိုလည်း ဆက်လက်စစ်ဆေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)