တံတားဦးမြို့နယ်၌ မျိုးစေ့ထုတ်လုပ်ရန်နှင့် အထူးဇုန်အတွက် ဆင်းရွှေကြာ-၂(RS) (၇၀၀) ဧကနှင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် ရေဆင်း - ၁(စပ်မျိုး )နေကြာ(၅၀)ဧက စိုက်ပျိုးပြီးဖြစ်

တံတားဦး ဇူလိုင် ၆

တံတားဦခရိုင် တံတားဦးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် စားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးပွားရေးတို့အတွက် မိုးဦးနေကြာ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ် အနေဖြင့် ၂၀၂၃-ခုနှစ်တွင် မျိုးစေ့ထုတ်လုပ်ရန်ရန် ဆင်းရွှေကြာ-၂ (RS)ကို ပန်းယျကျေးရွာတွင် (၅၀)ဧကနှင့် ရေဆင်း-၁(စပ်မျိုး) အထူးဇုန်အတွက် (၅၀)ဧက စုစုပေါင်း (၁၀၀)ဧကကိုလည်းကောင်း၊ ရေဆင်း-၁(စပ်မျိုး)အထူးဇုန်အတွက် စကားအင်းကျေးရွာတွင် (၆၅၀)ဧကကိုလည်းကောင်း၊ အသီးသီးစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဒါ့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံဖြစ်သော ဆင်းရွှေကြာ-၂(RS) မျိုးစေ့ထုတ်လုပ်ရန်နှင့် ရေဆင်း- ၁(စပ်မျိုး)အထူးဇုန်တို့အတွက်  တောင်သူများ လက်ဝယ် အရောက် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ရွက်ဖျန်းအားဆေးဘူးများကိုလည်း ဖြန့်ချိပေးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မိုးသီးနှံမျိုးစုံများ လျာထားဧကပြည့်မီကျော်လွန်ရေးနှင့် သီးနှံများစိုက်ပျိုးနည်း စနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် ကင်းရှင်းရေးတို့အတွက် တောင်သူများနှင့်ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်း နေကြာများ သီးသန့်စိုက်ပျိုးရာတွင် တန်းခြားပင်ခြားစနစ်ဖြင့် စိုက်ပျိုးသည့်ရာတွင် တစ်ဧကလျှင် မျိုးစေ့လေးပြည်မှငါးပြည်အထိ စိုက်ပျိုးကြပြီး  အပင်သက်တမ်းမှာ လေးလကြာမြင့်ကြောင်း သိရသည်။  တောင်သူအများစုမှာ  နေကြာကိုဆင်းရွှေကြာ-၂၊ ရေဆင်း-စပ်မျိုး အစရှိသောမျိုးစေ့များကို အဓိကထားစိုက်ပျိုးကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်ထံမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)