ဇီးကုန်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးအား ၄၃၅၁၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် လျာထားစိုက်ဧက ပြည့်မှီကျော်လွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ဧကပြည့်မှီကျော်လွန်ရေးနှင့် စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် မျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိရာ တစ်မြို့နယ်လုံးအနေဖြင့် ၂၀၂၃ ခုနှစ်မိုးစပါး လျာထားစိုက်ဧက(၄၈၀၇၇)တွင် (၄၃၅၁၅)ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် ရတနာတိုး၊ DW-11၊ ရက်(၉၀)၊ ဆင်းသုခ၊ ထိုင်းနှံကောက်နှင့် မှော်ဘီ-၃ စပါးမျိုးများကို တောင်သူများအနေဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ ဆက်)