ကွတ်ခိုင် ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင် ဘတ်ဂျက်ရန်ပုံငွေဖြင့် နမ့်ဖတ်ကာဒေသ လွယ်ကန်-မန်ဂျတ်ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာ ဇေတဝန်ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ပန္နက်ရိုက်မင်္ဂလာပြုလုပ်မှုကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လွယ်ကန်ကျေးရွာဇေတဝန် ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်ဘတ်ဂျက်ရန်ပုံငွေဖြင့် ၆၀×၃၀ Rc ၁ ထပ်ဆွမ်းစား ကျောင်းဆောင် (မြန်မာမှုအပါ) တည်ဆောက်မည်ဖြစ်ပြီး ယင်းမြေနေရာအား ဇေတဝန်ကျောင်းထိုင်ဆရာတော် ဦးပညာဘောဂ ဦးဆောင်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် အဖွဲ့ဝင်များ၊ ဂေါပကများ၊ ရပ်မိရပ်ဖများ၊ Four Eleven Company Limited တာဝန်ရှိသူများနှင့် အတူ ပန္နက်ရိုက် မင်္ဂလာပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)