တံတားဦးမြို့နယ်တွင် အောက်တော-မြို့သာလမ်း မြေသားခင်းခြင်းလုပ်ငန်းနှင့် သစ်သားတံတား ပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တံတားဦး၊ အောက်တိုဘာ  

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အောက်တော-မြို့သာ မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် သစ်သားတံတား ပြုပြင်ခြင်း လုပ်ငန်းများကို ယနေ့နံနက်()နာရီက မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။

မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းနီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလုပ်သမားအနေဖြင့် ကျန်းမာရေးကို အလေးထားဆောင်ရွက်သင့်ပါကြောင်း သိုမှသာ လုပ်ငန်းများ အချိန်တိုအတွင်း ပြီးစီးမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန်၊ လုပ်ငန်းများကို ရေရှည်တည်တံ့ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေးတို့ကို ဆောင်ရွက်ရန်လိုအကြောင်း တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်(၄၄.၆၃)သန်း ဖြင့်  အောက်တော-မြို့သာ မြေသားလမ်း မိုင် ၃ ဖာလုံ အကျယ်(၁၈)ပေ အမြင့်()ပေရှိလမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီး သဘာဝဘေး ရန်ပုံငွေကျပ် (၂၇.၀၀)သန်းဖြင့်  တံတားဦး -ငါန်းဇွန် မြို့နယ်ချင်းဆက် လမ်းပေါ်ရှိ မယ်သီတာချောင်းသစ်သားတံတား ပြုပြင်ခြင်း လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)