မိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

မိုင်းတုံ မေ ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၃-၅-၂၀၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအပ်သော KG မှ Grade-5 ထိ ကျောင်းသား၊ ကျောင်းသူများကို ဘာသာစုံပုံနှိပ် ဖတ်စာအုပ်(၁)စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံစီ၊ Grade-6 မှ Grade-11 အထိ ဘာသာစုံ ပုံနှိပ်ဖတ်စာအုပ်(၁)စုံ၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် အလယ်တန်းအဆင့် ခဲတံ(၂)ချောင်းစီတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အခြေခံပညာ KG မှ Grade-11 အထိ ကျောင်းအပ်နှံမှုကို မေလ(၃၁)ရက်နေ့အထိ လက်ခံပေးသွားပြီး မိုင်းတုံခရိုင် အတွင်းရှိ စာသင်ကျောင်း အားလုံးကို ဇွန်လ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေထံမှ သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)