ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ဘားအံ မေ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမ‌ဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးလွင်နှင့် ဝန်ထမ်း များသည် သံတောင်ကြီးမြို့နယ်၊ မြို့တော်ဦး သာသနာပြုကျောင်းရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)