ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ မေ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်ဗိုလ်မှူးသန်းနိုင်ကျော်တို့က  ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးက အားကစားတစ်ခုယှဉ်ပြိုင်ပါက အနိုင်ယူချင်စိတ်ကိုယ် စီရှိကြပြီး အားကစားတွင် အနိုင်နှင့်အရှုံးနှစ်မျိုး သာရှိသည့်အတွက် ရှုံးခဲ့သည်ဖြစ်စေ နိုင်ခဲ့သည်ဖြစ်စေ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားကြဖို့လို ကြောင်းပြောကြားခဲ့သည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖလားအသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းရှစ်သင်းမှ ဇွန်လ ၁၀ ရက်နေ့ထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ရာ အနိုင်ရရှိသည့် အသင်းနှစ်သင်းမှ  ဗိုလ်လုပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)