လှိုင်သာယာ(အရှေ့ပိုင်း) မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီ၌ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)တွင် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှု ဆင့်ပွား သင်တန်းဖွင့်ပွဲ ကျင်းပလျက်ရှိသည်။
အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းတွင် သင်တန်းပို့ချမည့် အောင်ပရဟိတဆရာတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဝတ္တုငွေများ ကပ်လှူခြင်း၊ သင်တန်းသား၊ သင်တန်းသူများအား အချိုရည်နှင့်အာဟာရမုန့်များ ပေးဝေခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များနှင့်သင်တန်းသူ၊ သင်တန်းသားတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အခြေခံ ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်းကိုအမှတ်(၅)ရပ်ကွက် အောင်ပရဟိတဆရာတော်မှကြီးမှူး၍ သင်တန်းသား၊ သင်တန်းသူ(၇၀)ဦးကို ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ဝင်းမူ(ပြန်/ဆက်)