ရွှေဘို မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေး ကော်မတီ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစက်ချုပ် (အခမဲ့) သင်တန်းအမှတ်စဥ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကိုရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနခရိုင်မှူးနှင့်ဝန်ထမ်းများ၊သင်တန်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးဦးကအမှာစကားပြောကြားရာ၊ ပြည်သူများ တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်း အတတ်ပညာများရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး၊လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူးဒေါ်ကြွယ်ကြွယ်ဝင်းအသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ကို မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ရပ်ကွက်ကျေးရွာများမှ အမှန်တကယ် စိတ်ပါဝင်စားလုပ်ကိုင်ဆောင်ရွက်လိုသည့် သင်တန်းသူ ၂၀ ဦးအား အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်ကြိုးစားသင်ယူကြရန်တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ ကလေးဝတ်ဂါဝန်၊ အမျိုးသားဝတ်သင်္ဘောသားအင်္ကျီနှင့်ကလေးဝတ် ဘောင်ဘီများစသည်ဖြင့် ဘာသာရပ် (၁၆) မျိုးကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)