မအူပင် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ ၂၅ ရက် နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပသည်။
ရှေ့ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade 11 မှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်လှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူးဒေါက်တာသန္တာဆွေမှ ကျောင်းအပ်နှံရာတွင်ဖြည့်စွက်ရသည့် ပုံစံ (က) မှ အရေးကြီးသည့် အချက်များအားရှင်းလင်း ပြောကြားသည်။ ၎င်းနောက် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ဗလာစာအုပ် ဒါဇင် (၅၀) အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်မှ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ဗလာစာအုပ်ဒါဇင် (၅၀) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ဦးခင်မောင်အေးမှ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံနေမှုများအား ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ ခရိုင်ပညာရေးမှူးဒေါက်တာသန္တာဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးခင်လှိုင်၊ အဖွဲ့ဝင်(၃)ဦးခင်မောင်အေး၊ မြို့နယ်ပညာရေးမှူးဒေါ်စန်းယုမော်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)