ပိုင်ကျုံ မေ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး (Talk Show)ကိုယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက (Talk Show) ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ သစ်တောဦးစီးဌာနမှ တောခေါင်းဦးစောသန်းအောင်က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များတို့၏ အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များ ဖြုန်းတီးမှုကြောင့် ရရှိလာမည့် ဆိုးကျိုးများနှင့်သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သစ်တောသစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် အသိပညာပေးအကြောင်းအရာများအား ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှ တဆင့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် စာကြည့်တိုက်ဆိုင်ရာလှုပ်ရှားမှုကို နေ့စဉ်တင်ဆက်ထုတ်လွှင့်ပေး လျက်ရှိသည့်အပြင် အသိပညာပေး(Talk Show) ဆွေးနွေးပွဲများကိုလည်း လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)