ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းနေ အရွယ် ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

နေပြည်တော် မေ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျောင်းနေအရွယ် ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးမှ အဖွင့်အမှာစကား ပြောကြားရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေး တို့အတွက် မိဘများအနေဖြင့် သွန်သင်ဆုံးမ လမ်းပြစေလိုကြောင်း ပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူးနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နွယ်နီခိုင်တို့က တက္ကသိုလ်ဝင်တန်း အဆင့်ကျောင်းသား ၁ ဦးအား ၃၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား ၄ ဦးအား ၁ ဦးလျှင်  ၂၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၂ အား ၁ ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅ဦးအား ၁ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ KGတန်းအဆင့် ၄ ဦးအား ၁ ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆ဦးအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)