လိပ်သိုမြို့တွင် မိုးဦးကာလ စည်ပင်သာယာလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

လိပ်သို မေ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးဦးကာလ မြို့သန့်ရှင်းသာယာလှပစေရန်၊  ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူပြုရန်၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်ရန် ရည်ရွယ်၍ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာ လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် လိပ်သိုမြို့အဝင်၊ မြို့အထွက်ရှိ ဆိုင်းဘုတ်ဧရိယာများ ဌာနဆိုင်ရာ ရုံးကုန်းလမ်းဆုံ၊ မြို့လယ်ရှိ ရန်ကြီးအောင် ဘုန်းတော်ကြီး ကျောင်းနှင့် မြန်မာ့လျှပ်စစ်ဓာတ်အားခွဲရုံ လမ်းဆုံတို့တွင် ပေါင်းမြက်များ ရှင်းလင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ပန်းအလှပင်များအား စိုက်ပျိုးခြင်း၊ ဆိုင်းဘုတ်အုတ်ခုံ ၊ပန်းအုတ်ခုံများအား ဆေးသုတ်ခြင်း၊ ပြည်သူများ အပန်းဖြေနားနေရာ ရှုခင်းသာ မြေထိန်းနံရံအား ဆေးသုတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ပေါ်ဒေသ လိပ်သိုမြို့ကလေး သန့်ရှင်းသာယာလှပလာစေရန်၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်လာစေရန် မြို့စည်ပင်သာယာရေးအဖွဲ့သည် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်း၍ အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)