သာစည်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သာစည် မေ ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၃  ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက   သာစည်မြို့  အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်း(ဂါတ်တန်း)ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

စုပေါင်းသစ်ပင်စိုက်ပွဲတွင် ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊  ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးရဲလွင်နှင့် သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်ကျော်တို့က လူထုဖြန့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်ဌာနဆိုင်ရာများထံပေးအပ်သည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌဒေါက်တာစောမြင့်ထူး၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပေးကြပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  ဆရာ/မများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ယူကလစ် ၁၅၀ ပင်၊  စိန်ပန်း ၁၀၀ ပင်၊ မယ်ဇလီ ၁၅၀ ပင်၊တမာ ၁၀၀ ပင်၊ ရေတမာ ၁၀၀ ပင်၊ ခရေ၁၀၀ ပင်၊သပြေဘူတ ၁၀၀ ပင်၊မယ်ဇယ် ၁၀၀ ပင်နှင့်ကုက္ကို ၁၀၀ ပင်စုစုပေါင်းပျိုးပင် ၁၀၀၀ ကို စိုက်ပျိုးကြရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ၂၀၂၃ မိုးရာသီတွင် သာစည်မြို့နယ်သစ်တောဦးစီးဌာနမှ   လူထုဖြန့်ပျိုးပင်  ၇၀၀၀၀  ပျိုးထောင် ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် တစ်ရွာ ၂ ဧကထင်းစိုင်ခင်း၊ တမာတစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ ကားလမ်းရထားလမ်းဘေး ဝဲယာစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ပျိုးခြင်းများ၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်းနှင့် နိုင်ငံပိုင် (ကျွန်းနှင့် ပိတောက်) စီးပွားရေးစိုက်ခင်းများတွင် သစ်ပင် ၂၃၂၇၁၉  ပင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းမြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးဇော်မင်းထွန်း-၂ ထံက  သိရသည်။

မြို့နယ်ပြန်/ဆက်