နွားထိုးကြီး မေ ၂၅
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဘဏ်တွင် ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ထုတ်ချေးရာတွင် နိုင်ငံသားများ၏ စာနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာ ထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူ များ၏ ဝင်ငွေနှင့် လူမှု စီးပွားရေး ဘဝ တိုးတက်စေရန် ရည်ရွယ်၍ မေလ ၂၄ ရက်နေ့အထိ ကျေးရွာအုပ်စု (၂) အုပ်စုမှ တောင်သူ (၁၈၁) ဦးကို စပါး ၁ ဧကလျှင် ၁၅၀၀၀၀ ကျပ်၊ အခြားသီးနှံ ၁ ဧကလျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၁၂၁ ဧကအတွက် ထုတ်ချေးငွေ ၁၁၇.၅၅ သိန်း တိတိအား ထုတ်ချေး ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်းကို မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
သန်းအောင်ဇော်